Skip to content
Our Service Type
1. Building Construction
2. Building Design
3. Project Animation
အကြမ်းထည်လုပ်ငန်းများဆောင်ရွက်ခြင်း
ပန်းရံ၊ လက်သမားပစ္စည်းလက်ခ ( ပုံဆင်ပုံရိုက်သား/ ငြမ်းဒေါက်/ ရိုက်သံ )၊ ချီကွေး၊ မြေတူး၊ အင်ဂျင်နီယာကြီးကြပ်ခ ( လုပ်ငန်းသုံးပစ္စည်းပါ )
1500sqft အထက် အဆောက်အဦးများတွင် လုပ်ငန်းသုံးပစ္စည်းများဖြစ်သော ကွန်ကရစ်ဖျော်စက်၊ ရေစုပ်စက်၊ ရေမြုပ်မော်တာ၊ တုန်စက်၊ မီးစက် စသည်တို့ပါဝင်ပြီး1500sqft အောက် အဆောက်အဦးများတွင် ဌားရမ်းခ ၁၅ သိန်း ကောက်ခံပါမည်။
မြေအောက်ရေကန်၊ မိလ္လာကန်၊ အပေါ်ရေကန်၊ Topping လောင်းခြင်း၊ လှေကားချောခြင်း၊ လူဝင်ပေါက် တံခါးကျည်းခွေ ထောင်ပေးခြင်းတို့ ပါဝင်ပါသည်။
မြေတူးလုပ်ငန်း သီးသန့်သာဖြစ်ပြီး မြေထုတ်လုပ်ငန်း မပါဝင်ပါ မြေပြိုဆယ်၊ မြေဖြန့် လုပ်ငန်းများအတွက် ထပ်ဆောင်းလုပ်အားခ ပေးရမည်။
ပန်းရံလုပ်ငန်းတွင် ဝမ်းစာအတွက် ကျောက်ကြီးချ သဲညှပ် ၁ပေ ထုသာ ပါဝင်ပြီး Plinth Level မြင့်၍ ဝမ်းစာထပ်မံဖြည့်သွင်းရပါက ရွက်ချအဖွဲ့များဖြင့် အိမ်ရှင်ဖက်မှ သီးခြားဆောင်ရွက်ရမည်။
အမိုးပြင် Slab ဖြစ်ပါကလည်း အဆောက်အဦး Total Sqft တွင်ထည့်သွင်းတွက်ချက်ခြင်း မပြုပဲ Iso Footing အတွက် Foundation ကို GF x 0.3/ Strap Footing အတွက် Foundation ကို GF x 0.6/ Mat Footing အတွက် Foundation ကို GF x 1.2 ဖြင့်သာ တွက်ချက်ဆောင်ရွက်ပါသည်။
Mat Footing အတွက် Foundation ကို GF x 1.2 ဖြင့်သာ တွက်ချက်ဆောင်ရွက်ပါသည်။
အချောထည်လုပ်ငန်းများဆောင်ရွက်ခြင်း
အဆောက်အဦး ရေ၊ မီး၊ ဆေး၊ မျက်နှာကျက်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း
အလူမီနီယံ စတီးလုပ်ငန်းများ၊ ပြတင်းပေါက် သံပန်း၊ ဆန်းရှိတ်၊ သံဘာဂျာ၊ ဆလိုက်တံခါး၊ ခေါက်တံခါးများ ဆောင်ရွက်ပေးခြင်း
ကြွေပြားကပ်ခြင်း၊ SPC Floor များခင်းပေးခြင်း
သစ်သားလုပ်ငန်းများ ကြမ်းခင်း ရှာထိုးခင်းခြင်း၊ ပါကေးခင်းခြင်း၊ လှေကား နှင့် လက်ရန်းများ၊ ပရိဘောဂများ ဆောင်ရွက်ပေးခြင်း
လုံခြုံရေးအတွက် CCTV များတပ်ဆင်ပေးခြင်း၊ သံဆူးကြိုးများဆွဲပေးခြင်း
အလိုလျောက်/ အဝေးထိန်းရီမုဖြင့် ခြံဝန်းတံခါးဖွင့်နိုင်သော မော်တာများတပ်ဆင်ပေးခြင်း
အိမ်သုံး ရေသန့်စင်စနစ် ဆောင်ရွက်ပေးခြင်း
Air-Con တပ်ဆင်ခြင်းများ ဆောင်ရွက်ပေးခြင်း
Solar System များအားအထူးအာမခံ ဆောင်ရွက်ပေးခြင်း